(၆၂) နှစ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနား၌ သဘာဝဘေးဆိုင်ရာ အသိပညာပေးပြခန်း ခင်းကျင်းပြသမှုသတင်း

7_pic01

7_pic02

7_pic03

7_pic04

7_pic05

7_pic06

=================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
=================================================

(၇-၁၁-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆၂) နှစ်မြောက် ကရင်ပြည်နယ်နေ့ဖွင့်ပွဲအခမ်းအနား၌ ပြည်သူလူထုများအား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ဦးစီးဌာနမှ ထုတ်ဝေသော စာအုပ်စာစောင်များ၊ ဘေး (၈) မျိုးစာအုပ်များ၊ ဗီနိုင်းပိုစတာများ၊ သဘာဝဘေး အသိပညာပေးဆောင်ရွက်မှုနှင့် ထောက်ပံ့မှု မှတ်တမ်းဓာတ်ပုံများနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့ကို ခင်းကျင်းပြသလျက်ရှိရာ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်နှင့်အတူ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူလူထုများက လာရောက်ကြည့်ရှုခဲ့ပါသည်။ ပြခန်းသို့လာရောက်ကြည့်ရှုသူများထံ တာဝန်ရှိသူများက လက်ကမ်းစာစောင်များ ဝေငှပေးလျက်ရှိပါသည်။ အဆိုပါပြခန်းအား (၇-၁၁-၂၀၁၇) ရက်နေမှ (၁၀-၁၁-၂၀၁၇) ရက်နေ့ထိ (၄) ရက်ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events