မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် စေတနာရှင်ပြည်သူများမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၀-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၃၇၂၁၈၇၇၆၄၃)၊ အမေရိကန်ဒေါ်လာ (၁၄၁၁၂၀၁.၉၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)နှင့် စင်္ကာပူဒေါ်လာ (၁၀၀၀) လက်ခံရရှိမှုသတင်း

၁။        မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၁၀-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၌ သတ္တုတွင်း၀န်ကြီးဌာနနှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ စတုတ္ထအကြိမ်မြောက်လှူဒါန်းငွေကျပ် (၅၀၀၀,၀၀,၀၀၀)၊ Creative Network International MyanmarCo.,Ltdမှ ငွေကျပ် (၅,၀၀,၀၀၀) ကို လာရောက်လှူဒါန်းခဲ့ခြင်း၊Dr. Lin Khin Wan Hong Kong Macau and Myanmar Chamber of Commerce and Industry Ltdမှ အမေရိကန် ဒေါ်လာ (၄၁၄၂၀) နှင့် United Bank of India မှ အမေရိကန်ဒေါ်လာ (၂၀၀) ကို အလှူငွေစာရင်းအမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။ လာရောက်လှူဒါန်းငွေများကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၁၆,၅၀,၀၀၀) ကို လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၀-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၃၇၂၁၈၇၇၆၄၃)၊ အမေရိကန်ဒေါ်လာ (၁၄၁၁၂၀၁.၉၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်းများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events