(၁၀-၉-၂၀၁၅) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် သတ္ထုတွင်းဝန်ကြီးဌာနမှ စတုတ္ထအကြိမ် အလှူငွေများပေးအပ်ပွဲ အခမ်းအနား

ချင်းပြည်နယ်အတွင်းရေဘေးသင့်ပြည်သူများအတွက်နေအိမ်များပြန်လည်တည်ဆောက်ရန်အတွက် သတ္ထုတွင်းဝန်ကြီးဌာနမှ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ကျင်းပရာ သတ္ထုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်ကဦးစီးပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ စတုတ္ထအကြိမ် ကျပ်သိန်းပေါင်း (၅၀၀၀)သိန်းကို ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ ဒေါက်တာ မြတ်မြတ်အုန်းခင်က လက်ခံရ ယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events