(၉-၉-၂၀၁၅) ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၆:၀၀) နာရီထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်း၍ ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် “Information Management System and Recovery Planning Process” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါ သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ အမြဲတမ်း အတွင်းဝန်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဆပ်ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များ၊ UN, INGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်များ ဦးစားပေးဖော်ထုတ်ခြင်း၊ ပြန်လည်ထူထောင်ရေးစီမံကိန်း ရေးဆွဲရန်အတွက် လေ့လာဆန်းစစ်ချက်အမျိုးမျိုးမှ ရရှိလာသည့် အချက်အလက် များကို မည်သို့အသုံးချရန်၊ ကဏ္ဍမျိုးစုံပါဝင်သော ပြန်လည်ထူထောင်ရေးစီမံကိန်း ရေးဆွဲရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အဓိကပါဝင်ရမည့် လုပ်ငန်းစဉ်များနှင့် လက်ရှိကျင့်သုံးနေသော သတင်းအချက်အလက်များ စုဆောင်း ကောက်ယူထားရှိမှုစနစ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိ သူအသီးသီးမှ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။