ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် ခြင်ဘို့အုပ်စု၊ ကျောက်ရဲကျေးရွာများအတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

1_pic03

1_pic02

1_pic01

=================================================
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် ခြင်ဘို့အုပ်စု၊ ကျောက်ရဲကျေးရွာတို့၌ (၂၄-၁၀-၂၀၁၇) ရက်နေ့နှင့် (၂၅-၁၀-၂၀၁၇) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ ၃၁ လုံး၊ အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၃၄ ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၄ မျိုး ၃၁ အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး ၃၁ သိန်း၊ ဆန်ရိက္ခာဖိုး (၂၈၁၄၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၃၈၁၄၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၁၀-၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝနိရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events