မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၉-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၌ KD Sicience Co.,Ltd၊ South Korea မှ အမေရိကန်ဒေါ်လာ (၁၀၀၀၀)၊ ဘဏ္ဍာရေး၀န်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက် နေသောငွေရေးကြေးရေးအဖွဲ့အစည်း (၁၈၇) ဖွဲ့မှ ငွေကျပ် (၂၉၆,၀၀,၇၀၀ိ/-)၊ AEON Microfinance Myanmar Co.,Ltdမှ ငွေကျပ် သိန်း (၁၀၀)၊ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီများမှ ငွေကျပ် (၄၆၀) သိန်း၊ နိုင်ငံခြားအာမခံကုမ္ပဏီများမှ ငွေကျပ် (၄၂၅) သိန်းနှင့် အမေရိကန်ဒေါ်လာ (၇၈၉၉၉.၇၁) တို့ကို လာရောက်လှူဒါန်းခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၃၇,၄၀,၀၀၀ိ/-) ကို လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၉-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၃၂၁၉၇၂၇၆၄၃ိ/-)၊ အမေရိကန်ဒေါ်လာ (၁၃၆၉၅၈၁.၉၇) ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှား ရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ယူရို (၄၂၀)၊ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတေသြလျ ဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။