မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၇-၉-၂၀၁၅) ရက်နေ့တွင် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံး၊ ပေကျင်းမြို့ရှိ အရာရှိ၊ စစ်သည်နှင့် မိသားစုများမှ အမေရိကန်ဒေါ်လာ (၅၀၀)၊ အာဆီယံစစ်သံရုံးကုမ္ပဏီများမှ တရုတ်ယွမ် (၆၁၇၀၀) ကို လှူဒါန်းခဲ့ခြင်းနှင့် အလှူငွေစာရင်းအမှတ် (1DA-0300086) သို့ အမေရိကန်ဒေါ်လာ (၂၀၀၀၀) ကို တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်းအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၀၅၀၀)၊ တရုတ်ယွမ် (၆၁၇၀၀) ကို အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က လက်ခံရယူခဲ့ပါသည်။
(၇-၉-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၁,၇၀,၀၀၀ိ/-) ကို လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၇-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် (၃၁၀၃၆,၅၈,၇၄၃ိ/-)၊ အမေရိကန်ဒေါ်လာ (၁၂၈၀၅၈၂.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၇၅၃၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတေြးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။
အလှူငွေလက်ခံရရှိမှုစာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-