မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၄-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၃၁၀၃၄,၈၈,၇၄၃)၊ အမေရိကန်ဒေါ်လာ (၁၂၆၀၀၈၂.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၁၃၆၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)နှင့် စင်္ကာပူဒေါ်လာ (၁၀၀၀) လက်ခံရရှိမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၄-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၊ အလှူခံဌာန၌ ILBC နှင်‌့ အလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ငွေကျပ် (၃၇,၅၀,၀၀၀) နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ဆန်မြို့မှ ငွေကျပ် (၁,၁၃,၀၀၀) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ခြင်းအပါအ၀င် စုစုပေါင်းမြန်မာငွေကျပ်(၃၈,၆၃,၀၀၀)ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေမှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲပါသည်။

(၄-၉-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (RCC) ၌ ငွေကျပ် (၄၁,၇၀,၀၀၀) နှင့် အမေရိကန်ဒေါ်လာ (၁၀၀၀)၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး၌ငွေကျပ်(၂၅,၀၀,၀၀၀) လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၄-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၃၁၀၃၄,၈၈,၇၄၃)၊ အမေရိကန်ဒေါ်လာ (၁၂၆၀၀၈၂.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၁၃၆၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်းများအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events