၂၀၁၅ခုနှစ် ဇွန်လမှ သြဂုတ်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့် ပြည်သူများအတွက် အလှူငွေများ လှူဒါန်းပွဲကို စက်တင်ဘာလ (၃)ရက်နှင့် (၄)ရက်နေ့များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ Plan International Myanmar မှ အလှူငွေကျပ် သိန်း(၂၀)နှင့် ILBC နေပြည်တော်မှ ငွေကျပ် (၃၇.၅)သိန်း၊ အဝတ် အထည်၊ ဖိနပ်၊ ကစားစရာ၊ စာရေးကိရိယာ၊ အစားအစာများကို ရေဘေး သင့်ပြည်သူများအတွက် ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။