၂၀၁၅ ခုနှစ် ဇွန်လမှ သြဂုတ်လထိ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှု များကြောင့် ဘေးသင့်ပြည်သူများအတွက် MPT Mobile Phone သုံးစွဲသူ ရဟန်းရှင်လူ ပြည်သူများမှ SMS ဖြင့်ပေးပို့ခဲ့ကြသော အလှူငွေများအား စက်တင်ဘာလ (၃) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား

DCM_0625၂၀၁၅ခုနှစ် ဇွန်လမှ သြဂုတ်လထိ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှု များကြောင့် ဘေးသင့်ပြည်သူများအတွက် MPT Mobile Phone သုံးစွဲသူရဟန်းရှင်လူပြည်သူများမှ SMS ဖြင့်ပေးပို့ခဲ့ကြတဲ့ အလှူငွေ များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ လ (၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ရှေးဦး စွာ MPT C.E.O ဖြစ်သူ Mr. Takashi Nagashima ကရှင်းလင်း ပြောကြားပြီး MPT Mobile Phone သုံးစွဲသူ ရဟန်းရှင်လူ မိဘပြည်သူများမှ SMS ဖြင့်ပေးပို့ခဲ့ကြတဲ့ မြန်မာငွေ ကျပ်သိန်းပေါင်း ( ၂၉၆၅.၃၀၅ ) သိန်းကို လွှဲပြောင်းပေးအပ်ရာ အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ၍ ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါ သည်။

ဆက်လက်၍ သြစတြေးလျနိုင်ငံ၊ ကမ်ဘာရာမြို့၊ မြန်မာနိုင်ငံသံရုံး ဝန်ထမ်းမိသားစုများမှ သြစတြေးလျဒေါ်လာ(၅၇၀)၊ စင်္ကာပူမြို့၊ မြန်မာ သံရုံးအကြီးအကဲနှင့် ဝန်ထမ်းများမှ စင်္ကာပူဒေါ်လာ (၁၀၀၀)၊ Nepal Kathmandu Non-Resident Nepali Association မှ အမေရိကန် ဒေါ်လာ (၅၀၀၀), Japan Theravada Buddha Sasana Hhavana Group မှ ဂျပန်ယန်း (၂) သိန်း၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှား သံရုံး အမေရိကန် ဒေါ်လာ (၅၀၀) နှင့် တရုတ်ယွမ် (၄၅၀၀), သတင်းစဉ် (ပြည်တွင်း) မှ (၇၄၀၀၀)၊ ဦးသတိုးဟိန်း+ဒေါ်စိုးမာလာ(မြန်မာသြဘာ) မှ သိန်း (၆၀) ခန့်တန်ဖိုးရှိသော ဆေးပြား Aqua tabs (၅) သောင်းတို့ ကို လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events