မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂-၉-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၂၇၆၈၀,၂၅,၂၄၃)၊ အမေရိကန်ဒေါ်လာ (၁၂၅၉၀၈၂.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၁၃၆၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)နှင့် စင်္ကာပူဒေါ်လာ (၁၀၀၀) လက်ခံရရှိမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၂-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၊ အလှူခံဌာန၌ Jasmine Palace Hotel ရန်ကုန်၊ ဦးဆန်းနောင်မှ ငွေကျပ် (၂၂၂)သိန်း၊ Grand Guardian Insurance Public Co.,Ltdမှ ငွေကျပ်သိန်း(၅၀)၊ ဦးအောင်ဇော်မင်း၊ ဦးအဏ္ဏဝါ (တောင်ငူပရဟိတအဖွဲ့) မှ ငွေကျပ် (၄၈၀၀၀၀)၊ သတင်းစဉ် (ပြည်တွင်း) မှ ငွေကျပ် (၇၄,၀၀၀)၊ စုစုပေါင်းမြန်မာငွေကျပ် (၂၇၇,၅၄,၀၀၀)နှင့် အမေရိကန်ဒေါ်လာ (၅၅၀၀)၊ ဂျပန်ယန်း (၂၀၀၀၀၀)၊ တရုတ်ယွမ် (၄၅၀၀)၊ သြစတြေးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀)၊ ဦးသတိုးဟိန်း+ဒေါ်စိုးမာလာ၊ မြန်မာ့သြဘာမှကျပ်သိန်း (၆၀) တန်ဖိုးရှိ Aquatabs ဆေးပြား (၅၀၀၀၀) စသည်တို့ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဘုန်းဆွေမှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂-၉-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၂၇၆၈၀,၂၅,၂၄၃)၊ အမေရိကန်ဒေါ်လာ (၁၂၅၉၀၈၂.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၁၃၆၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၂၉၆၀၀၀)၊ သြစတေြးလျဒေါ်လာ (၅၇၀)၊ စင်္ကာပူဒေါ်လာ (၁၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

(၂၉-၇-၂၀၁၅) ရက်နေ့မှ (၂-၉-၂၀၁၅) ရက်နေ့အထိ အလှူလက်ခံရရှိငွေစာရင်းအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူလက်ခံရရှိငွေစာရင်း

Sign Up

Upcoming Events