လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (Disaster Management Training Center) နှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Centre EOC) တို့အတွက် World Food Programm (WFP) မှ သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အဆိုပါ၀န်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်မှ Country Director ဖြစ်သူ Mr.Domenico SCAIPEW က ရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ (၁.၉၁၁) သိန်းခန့်တန်ဖိုးရှိသော သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ ၂၀၁၅ခုနှစ် ဇွန်လမှ သြဂုတ်လထိ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ Irrawaddy Green Towers Limited-IGT for Myanmarမှ သိန်း (၃၀၀) ခန့်တန်ဖိုးရှိသော စားသောက်ကုန်ပစ္စည်းများ၊ Jasmine Palace Hotel ရန်ကုန်၊ ဦးဆန်းနောင်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် (၄၄.၄) သိန်းတန် အိမ် (၅) လုံးအတွက် (၂၂၂) သိန်း၊ Grand Guardian Insurance Public Co.,Ltd. မှသိန်း (၅၀)၊ ကိုအောင်ဇော်မင်းနှင့် ကို၀ဏ္ဏပရဟိတအဖွဲ့၊ တောင်ငူမြို့မှ (၄.၈) သိန်းခန့်တန်ဖိုးရှိသော သင်္ကန်းများနှင့် အ၀တ်အထည်များကို ပေးအပ်ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ ဥက္ကဌ ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။