မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ(၁-၉-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)အလှူခံဌာန၌ အလှူငွေလက်ခံရရှိမှု မရှိပါ။
(၁-၉-၂၀၁၅)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး(RCC)၌ ငွေကျပ်(၂၁,၆၈,၀၀၀ိ/-)နှင့် အမေရိကန်ဒေါ်လာ(၁၃၂၁၈)လက်ခံရရှိ ပါသည်။
သို့ဖြစ်ပါ၍(၂၉-၇-၂၀၁၅)ရက်နေ့မှ(၁-၉-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာကျပ် (၂၇၄၀၂,၇၁,၂၄၃ိ/-)၊ အမေရိကန်ဒေါ်လာ(၁၂၅၃၅၈၂.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှား ရင်းဂစ်(၂၀၀၀)၊ တရုတ်ယွမ်(၉၁၀၀)၊ ယူရို(၄၂၀)၊ ဂျပန်ယန်း (၉၆၀၀၀)ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့်ပစ္စည်းများကိုရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။
အလှူငွေလက်ခံရရှိမှုအခြေအနေများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-