၂၀၁၅ ခုနှစ် ဇွန်လမှ သြဂုတ်လထိ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် သတ္ထုတွင်းဝန်ကြီးဌာနမှ တတိယအကြိမ်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယအကြိမ် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

၂၀၁၅ ခုနှစ် ဇွန်လမှ သြဂုတ်လထိ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် သတ္ထုတွင်းဝန်ကြီးဌာနမှ တတိယအကြိမ်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယအကြိမ် အလှူငွေပေးအပ်ခြင်းအခမ်း အနားကို သြဂုတ်လ (၃၁) ရက်နေ့၊ မွန်းလွဲ (၄) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ကျင်းပရာ ရှေးဦး စွာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပါသည်။ အစီအစဉ်အရ သတ္ထုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်ကဦးစီးပြီး ရွှေလီ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ သိန်း (၂၀၀)၊ ရွှေလီပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များအသင်းမှ သိန်း (၂၀၀)၊ စစ်တွေကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းမှ (၁၂၆၃.၃၆၆) သိန်း၊ ကျဲယန်းကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ သိန်း (၁၀၀၀)၊ ဖျင်ကျုံးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ (၂၅၁၅.၅) သိန်း၊ ဟောင်ကောင်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ (၄၉၀.၅) သိန်း၊ တတိယ အကြိမ် စုစုပေါင်းကျပ်သိန်းပေါင်း (၅၆၆၉.၃၆၆) သိန်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှဦးစီး၍ SAHA Farm Co.ltd နှင့် မြန်မာရွှေ့ပြောင်း အလုပ် သမားများမှ (၉၆)သိန်း၊ ထိုင်းနိုင်ငံရှိ အလုပ်သမား သံအရာရှိနှစ်ဦးနှင့် မြန်မာအေဂျင်စီ များမှ (၅.၁) သိန်း၊ ဒုတိယအကြိမ် စုစုပေါင်း (၁၀၁.၁) သိန်းတို့ကိုပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာ မြတ်မြတ်အုန်းခင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားပါသည်။

ဆက်လက်၍ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာ၊ ရတနာဇေယျုံကျောင်း ဆရာတော် ဦးသူရိယအား အမှူးထား၍ အင်တိုင်းကျေးရွာသူ/ကျေးရွာသားများမှ (၅) သိန်း၊ ရမည်းသင်းမြို့၊ မြို့နယ်သမဝါယမဦးစီးမှူး ဗိုလ်ကြီးဇော်လင်း + ဒေါ်အေမီမင်းအောင်မှ (၁) သိန်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ပါသည်။

ထို့အပြင် ကံပွင့်ဦးကျောက်မျက်ရတနာကုမ္ပဏီနှင့် ညီအကိုသူငယ်ချင်းများမှ သိန်း (၁၅၀၀)၊ ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ (၁၅၀) သိန်းတို့ကိုပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဦးဘုန်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပါသည်။ ၄င်းအပြင် ဒေါ်စန်းစန်းအေး၊ ဒေါ်ခက်သက်တင်၊ ဒေါ်ယုယုဝေ၊ ညီအကိုမောင်နှမတစ်စုမှ (၁) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events