မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၃၁-၈-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၂၇၃၈၁,၀၃,၂၄၃)၊ အမေရိကန်ဒေါ်လာ (၁၂၄၀၃၆၄.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀)နှင့် ဂျပန်ယန်း (၉၆၀၀၀) လက်ခံရရှိမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၃၁-၈-၂၀၁၅)  ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)အလှူခံဌာန၌ ငွေကျပ် (၇၄၂၇,၄၆,၆၀၀)နှင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းငွေကျပ် (၇၈၃,၃၄,၆၇၁)၊ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်အလှူငွေစာရင်းအမှတ် (OA-011834) သို့ AIACo.,Ltd မှ တိုက်ရိုက်ထည့်သွင်းလှူဒါန်းငွေကျပ် (၆၀,၀၀,၀၀၀) အပါအဝင် မြန်မာအလှူငွေစုစုပေါင်းကျပ် (၈၂၇၀,၈၁,၂၇၁) ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဦးဘုန်းဆွေတို့မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

(၃၁-၈-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ငွေကျပ် (၂,၀၀,၀၀၀)၊ လားရှိုးခရိုင်ဦးစီးမှူးရုံး၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘောလုံးအားကစားသမားဟောင်းများမှ ကြီးမှူးကျင်းပသည့် ရေဘေးသင့်ပြန်လည်ထူထောင်ရေးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် အလှူရှင်စေတနာရှင်များမှ ငွေကျပ် (၃၅,၀၀,၀၀၀) ကို ငွေစာရင်းသို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။

သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၃၁-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် (၂၇၃၈၁,၀၃,၂၄၃)၊ အမေရိကန်ဒေါ်လာ (၁၂၄၀၃၆၄.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၉၆၀၀၀) ဖြစ်ပါသည်။  လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

အလှူငွေလက်ခံရရှမှုအခြေအနေများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events