၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လများအတွင်း ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် တိုင်းရင်းဆေးများနှင့် အလှူ ငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို သြဂုတ်လ (၃၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပရာ ဦးထွန်းရွှေ+ဒေါ်သင်းသင်းဆွေ မိသားစု၊ ထွန်းရွှေဝါတိုင်းရင်းဆေးထုတ်လုပ်ရေးမှ(၁၃၃.၂၈)သိန်းခန့်တန်ဖိုးရှိသောထွန်းရွှေဝါတိုင်းရင်းဆေး(၆)မျိုး၊
ဦးဝင်းထိန်ကျော်၊ညွှန်ကြားရေးမှူး၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန+ဒေါ်ခင်မာညို၊ ဦးစီးအရာရှိမိသားစုမှ (၁) သိန်း ကျပ်တို့ကိုပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ဥက္ကဌ ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။