ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော ခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ မင်းပြားမြို့နယ်ရှိ ဆွေမျိုးများ၏ နေအိမ်တွင် လာရောက် ခိုလှုံနေသော အိမ်ထောင်စု (၅၃) စု စုစုပေါင်း လူဦးရေ (၁၇၂) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စုစာအား (၃-၉-၂၀၁၇) ရက်နေ့တွင်လည်းကောင်း ဆန်ရိက္ခာ (၁၂ အိတ် ၁၃ ပြည်) ဆီ (၂၆.၅) ပိဿာ ဆား (၁၃.၂၅) ပိဿာနှင့် ပဲ (၂၆.၅) ပိဿာအား (၅-၉-၂၀၁၇) ရက်နေ့တွင်လည်းကောင်း မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၅-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)