ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ မြောက်ဦးမြို့ရှိ ခိုလှုံရာ (၂) ခုတွင် လာရောက်ခိုလှုံနေသော အိမ်ထောင်စု (၁၅) စု လူဦးရေ စုစုပေါင်း (၅၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၅) အိမ်ထောင်စုစာအား (၃-၉-၂၀၁၇) ရက်နေ့တွင်လည်းကောင်း ဆန်ရိက္ခာ (၃ အိတ် ၁၅ ပြည် ၄ ဗူး) ဆီ (၇.၅) ပိဿာ ဆား (၃.၇၅) ပိဿာနှင့် ပဲ (၇.၅) ပိဿာအား (၅-၉-၂၀၁၇) ရက်နေ့တွင်လည်းကောင်း ခရိုင်အုပ်ချုပ်ရေးမှူး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events