မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၂၈-၈-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်)၊ အလှူခံဌာန၌ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ဟိုတယ်များမှ ငွေကျပ်(၆၇,၀၀,၀၀၀/-)၊အမေရိကန်ဒေါ်လာ(၇၀၄၉)နှင့် ပို့ဆောင်ရေး၀န်ကြီးဌာနမှ (၁၈၇,၂၇,၆၀၀/-)၊ စုစုပေါင်းအလှူငွေကျပ် (၂၅၄,၂၇,၆၀၀/-)၊ အမေရိကန်ဒေါ်လာ (၇၀၄၉) ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီးဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။
(၂၈-၈-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး၌ ငွေကျပ် (၅၀,၀၀၀/-) လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၈-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် (၁၉၀၇၃,၂၁,၉၇၂/-)၊ အမေရိကန်ဒေါ်လာ (၁၂၄၀၃၆၄.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ်(၉၁၀၀)၊ ယူရို(၄၂၀)၊ ဂျပန်ယန်း (၉၆၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။