(၂၇-၈-၂၀၁၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့အစည်း၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် အရေးပေါ်တုံ့ပြန်မှုဌာန၊ ညွှန်ကြားရေးမှူးဖြစ်သူ Ms.Izumi Nalamitsu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းနှင့် မန်စီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးထွန်းထွန်းနှင့် ဇနီး ဒေါ်ဝေဝေ မိသားစုမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေ သိန်း (၁၀၀) အား လက်ခံရယူခြင်း

call2donation2

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် သြဂုတ်လ (၂၇) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့အစည်း၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် အရေးပေါ်တုံ့ပြန်မှုဌာန၊ ညွှန်ကြားရေးမှူးဖြစ်သူ Ms.Izumi Nalamitsu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး အျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံခန့်ခွဲမှုကော်မတီနှင့် ပြန်လည်ထူထောင်မှုလုပ်ငန်းညှိနှိုင်းရေးလုပ်ငန်းကော်မတီတို့၏ ဆောင်ရွက်နေမှု၊ အရေးပေါ်လုပ်ငန်းစင်တာနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းများရေးဆွဲရေးဖိုရမ်တို့ကို ဖွင့်လှစ်ဆောင်ရွက်နေမှု၊ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ဝန်ကြီးဌာနအနေဖြင့် ငွေထောက်ပံ့မှုနှင့် အလှူငွေလက်ခံရရှိမှု၊ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်မှုများနှင့် လိုအပ်သောလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ ဘေးသင့်ပြည်သူများအား လူမှုကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ပေးမှုအခြေအနေနှင့် ဘေးသင့်ပြည်သူများအား စိတ်-လူမှုရေးဆိုင်ရာ ဖြေသိမ့်အားပေးကူညီခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံရှိ တစ်ခုတည်းရှိသော ဟင်္သာတမြို့သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်းဖွင့်လှစ်ပြီးပါက သင်တန်းနည်းပြများ၊ သင်ထောက်ကူပစ္စည်းများ၊ နည်းပညာနှင့် အကူအညီပေးနိုင်မှုများနှင့် စပ်လျဉ်း၍ အဖွဲ့အစည်း (၂) ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ရေဘေးသင့်ပြည်သူများအတွက် မန်စီပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးထွန်းထွန်းနှင့် ဇနီး ဒေါ်ဝေဝေ မိသားစုမှ သိန်း (၁၀၀) ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events