မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၇-၈-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၁၈၈၁၈,၄၄,၃၇၂/-)၊ အမေရိကန်ဒေါ်လာ (၁၂၃၃၃၁၅.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀) နှင့် ဂျပန်ယန်း (၉၆၀၀၀) လက်ခံရရှိမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့်ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီး မှူးရုံးများသို့ လာရောက် လှူဒါန်းလျှက်ရှိရာ (၂၇-၈-၂၀၁၅) ရက်နေ့တွင် နေပြည်တော်(ရုံးချုပ်)၊ အလှူခံ ဌာန၌ မန်စီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနှင့်ဇနီး ဒေါ်ဝေဝေ(မိသားစု)မှ ငွေကျပ်သိန်း(၁၀၀)၊ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ် ရေး၀န်ကြီးဌာနရှိ ၀န်ထမ်းများမှ ငွေကျပ် (၅၁,၁၉,၁၀၀/-)နှင့် ဒေါ်စန်းစန်း၀င်း၊ သစ်တော၀န်း၊မှော်ဘီမှ ငွေကျပ်(၁,၀၀,၀၀၀/-) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်း လှူဒါန်းခဲ့ခြင်းအပါအ၀င် စုစုပေါင်းမြန်မာငွေကျပ် (၁၅၂,၁၉,၁၀၀/-)ကို အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း ၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူကာ ကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါ သည်။

(၂၇-၈-၂၀၁၅)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ငွေကျပ်(၁၇,၈၀,၀၀၀/-) လက်ခံရရှိခဲ့ ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၇-၈-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၁၈၈၁၈,၄၄,၃၇၂/-)၊ အမေရိကန်ဒေါ်လာ (၁၂၃၃၃၁၅.၂၆)၊ ထိုင်းဘတ်(၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း(၉၆၀၀၀) ဖြစ်ပါသည်။ လက်ခံ ရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ထောက်ပံ့ပေး လျက်ရှိပါသည်။

 အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events