မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၆-၈-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၁၈၆၄၈,၄၅,၂၇၂)၊ အမေရိကန်ဒေါ်လာ (၁၂၃၃၃၁၅.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀) နှင့် ဂျပန်ယန်း (၉၆၀၀၀) လက်ခံရရှိမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ(၂၆-၈-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်)၊ အလှူခံဌာန၌ Join Together Society (JTS) ,Seoul ,The Republic of Korea မှ အမေရိကန်ဒေါ်လာ (၁၀၀၀၀)၊ မဘိမ်းမြို့နယ်အတွင်း စေတနာရှင်ပြည်သူများမှ ဒုတိယအကြိမ် လှူဒါန်းငွေကျပ် (၂၁,၁၆,၈၅၀/-) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ခြင်း နှင့် မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ အလှူငွေစာရင်းအမှတ် (1DA-0300086) သို့ အမေရိကန်ဒေါ်လာ (၄၃၂၁၃.၆၅) ကိုတိုက်ရိုက်ထည့်သွင်း လှူဒါန်းခြင်းအပါအ၀င် စုစုပေါင်းအမေရိကန်ဒေါ်လာ (၅၃၂၁၃.၆၅) ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်း ရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုး​အောင်မှ လက်ခံရယူ ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

(၂၆-၈-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၈,၀၀,၀၀၀/-) နှင့် အမေရိကန်ဒေါ်လာ (၁၀၀) လက်ခံ ရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၆-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၁၈၆၄၈,၄၅,၂၇၂/-)၊ အမေရိကန်ဒေါ်လာ (၁၂၃၃၃၁၅.၂၆)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၉၆၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်း

 

 

 

Sign Up

Upcoming Events