မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၅-၈-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၁၈၆၁၉,၂၈,၄၂၂)၊ အမေရိကန်ဒေါ်လာ (၁၁၈၀၀၀၁.၆၁)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀) နှင့် ဂျပန်ယန်း (၉၆၀၀၀) လက်ခံရရှိမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၂၅-၈-၂၀၁၅) ရက် နေ့တွင် နေပြည်တော်(ရုံးချုပ်)၊ အလှူခံဌာန၌ ငွေကျပ်(၈၈၁,၄၄,၈၅၀)၊ အမေရိကန်ဒေါ်လာ(၄၀၀၀၀) နှင်‌့ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်း လှူဒါန်းငွေကျပ် (၁၂၈,၄၅,၀၀၀) အပါအဝင် မြန်မာအလှူငွေစုစုပေါင်းကျပ်(၁၀၀၉,၈၉,၈၅၀)၊ စုစုပေါင်းအမေရိကန်ဒေါ်လာ (၄၀၀၀၀)ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

(၂၅-၈-၂၀၁၅)ရက်နေ့တွင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၅၀,၅၀,၀၀၀)နှင်‌့ အမေရိကန်ဒေါ်လာ (၂၀၀) လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၅-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၁၈၆၁၉,၂၈,၄၂၂)၊ အမေရိကန်ဒေါ်လာ(၁၁၈၀၀၀၁.၆၁)၊ ထိုင်းဘတ်(၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ်(၉၁၀၀)၊ ယူရို(၄၂၀)၊ ဂျပန်ယန်း(၉၆၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

 

အလှူငွေလက်ခံရရှိမှုစာရင်း

 

 



 

Sign Up

Upcoming Events