မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၂၄-၈-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) အလှူခံဌာန၌ ဦးမောင်မောင်+ဒေါ်ခင်သန်း(မိသားစု) ငွေကျပ် (၂,၀၀,၀၀၀/-)၊ SI Myanmar အရှေ့ တောင်အာရှလူငယ်များ သင်္ဘောခရီးစဉ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (မြန်မာ) မှ ငွေကျပ် (၃၁၀၀၀၀၀/-)၊ အလှူငွေစုစုပေါင်းကျပ် (၃၃၀၀၀၀၀/-) ကို အမျိုးသားသဘာ ဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေး အပ်ခဲ့ကြပါသည်။
(၂၄-၈၂၀၁၅)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၁၅၆,၀၀၀/-) အမေရိကန်ဒေါ်လာ (၁၀၀၀၀) လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၈-၂၀၁၅) ရက်နေ့မှ (၂၄-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေ စုစုပေါင်းကျပ် (၁၇၅၅၈,၈၈,၅၇၂/-)၊ အမေရိကန်ဒေါ်လာ (၁၁၃၉၈၀၁.၆၁)၊ ထိုင်းဘတ် (၁၆၈၀၆၆)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို (၄၂၀)နှင့် ဂျပန်ယန်း (၉၆၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေ နှင့် ပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်း ရရှိပါသည်။