မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် (၂၄-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ဦးမောင်မောင်သန်း+ဒေါ်ခင်သန်း(မိသားစု)မှ ငွေကျပ်(၂,၀၀,၀၀၀)၊ SI Myanmar အရှေ့တောင်အာရှ လူငယ်များသင်္ဘောခရီးစဉ်လူငယ်ဖွံ့ဖြိုးရေးအသင်းမှ ငွေကျပ် (၃၁,၀၀,၀၀၀) တို့အား လှူဒါန်းပွဲကို သြဂုတ်လ(၂၄)ရက်နေ့၊ နေပြည်တော်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဘုန်းဆွေ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံရောက် ဦးကျော်နိုင်ထူးအဖွဲ့မှ ငွေကျပ် (၃,၄၃,၀၀၀) ကို နေပြည်တော်၌ လာရောက်လှူဒါန်းခဲ့ပါသည်။

 

Sign Up

Upcoming Events