၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် စစ်တက္ကသိုလ်အမှတ်စဉ် (၄၁)၊ တပ်မတော်(ရေ)အရာရှိများမှ ငွေကျပ်(၁၀,၀၀,၀၀၀)၊ နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ငွေကျပ်(၅,၀၀,၀၀၀)၊ Mr. In-Jin KIM, Project Manager of Moon Engineering Co.,Ltd မှ အမေရိကန်ဒေါ်လာ(၁၀၀၀)၊ ပြည်ပတွင် တာ၀န်ထမ်းဆောင်လျက်ရှိကြသည့် မြန်မာသံရုံး၊ ကောင်စစ်၀န်ချုပ်ရုံး၊ စစ်သံရုံး၀န်ထမ်းများမှ အမေရိကန်ဒေါ်လာ (၂၄၆၃)၊ ယူရို (၄၂၀)၊ ဂျပန်ယန်း (၉၆၀၀၀) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ နီပေါနိုင်ငံသံရုံးမှ တရုတ်ယွမ် (၄၁၀၀) တို့အား လှူဒါန်းပွဲကို သြဂုတ်လ(၂၁)ရက်နေ့ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်နှင့် ဒုတိယအမြဲတမ်းအတွင်း၀န် ဒေါက်တာကိုကိုနိုင်တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။