မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၁-၈-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၁၇၄၈၀,၈၉,၅၇၂)၊ အမေရိကန်ဒေါ်လာ (၁၁၂၉၈၀၁.၆၁)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ်(၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို(၄၂၀)နှင့် ဂျပန်ယန်း (၉၆၀၀၀) လက်ခံရရှိမှုသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၂၁-၈-၂၀၁၅) ရက်နေ့ နေပြည်တော်(ရုံးချုပ်)၊ အလှူခံဌာန၌အလှူငွေစုစုပေါင်းကျပ် (၁၅,၀၀,၀၀၀)၊ အမေရိကန်ဒေါ်လာ (၃၄၆၃)၊ ယူရိုငွေ (၄၂၀)၊ ဂျပန်ယန်း (၉၆၀၀၀)၊ ယွမ် (၄၁၀၀) လှူဒါန်းခြင်း၊ ြမန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ အလှူငွေစာရင်းအမှတ် (1DA-0300086) သို့ အမေရိကန်ဒေါ်လာ (၁၀၁၀၀) ကို တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်းအပါအ၀င် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၃၅၆၃) ကို လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဒေါ်စုစုလှိုင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်နှင့် ဒုတိယအမြဲတမ်းအတွင်း၀န် ဒေါက်တာကိုကိုနိုင်တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(၂၁-၈-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ် (၁၇,၇၇,၂၀၀)၊ အမေရိကန်ဒေါ်လာ (၁၁၀၀၀)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ငွေကျပ် (၅၃၆,၅၄,၃၅၀)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ ငွေကျပ် (၁၀,၀၀,၀၀၀)၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ငွေကျပ် (၁,၆၀,၀၀၀)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂၁-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၁၇၄၈၀,၈၉,၅၇၂)၊ အမေရိကန်ဒေါ်လာ (၁၁၂၉၈၀၁.၆၁)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ်(၂၀၀၀)၊ တရုတ်ယွမ် (၉၁၀၀)၊ ယူရို(၄၂၀)၊ ဂျပန်ယန်း (၉၆၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events