လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင် (ညွှန်ကြားရေးမှူး) နှင့် လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သိန္နီမြို့နယ် ခမ်းတိမ်းကျေးရွာအုပ်စုမှ (၂၁.၇.၂၀၁၇)ရက်တွင်သိန္နီမြို့ ကျောင်းဆိုင်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသောတိုက်ပွဲရှောင်အိမ်ထောင်စု(၂၀)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (ပလပ်စတစ်ပုံးပါ) (၂၀) အိမ်ထောင်စုစာနှင့် အိမ်ထောင်စု(၁၄၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၄၀) အိမ်ထောင်စုစာ စုစုပေါင်းအိမ်ထောင်စု(၁၆၀)စုမှ ကျား(၂၃၈)ဦး မ(၃၅၇)ဦး စုစုပေါင်းလူဦးရေ (၅၉၅)ဦးတို့အား ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေ (၁၂၄၉၅၀၀/-) တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား (၃၂၀၀၀၀ိ-)ငါးသေတ္တာ ၃ ဘူး (၁၆၈၀၀၀/-) စုစုပေါင်း တန်ဖိုးငွေ (၁၇၃၇၅၀၀/-)တို့အား (၂၂.၇.၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပြီးဖြစ်ပါကြောင်းသတင်းရ ရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)