၂၀၁၅ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် သတ္တုတွင်းဝန်ကြီးဌာနမှ ဒုတိယအကြိမ် အလှူငွေများ လှူဒါန်းပွဲကို သြဂုတ်လ (၂၀) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် က ဝန်ကြီးဌာနမှ ဒုတိယအကြိမ် လှူဒါန်းသော အလှူငွေကျပ် (၁၈၅) သိန်းနှင့် အဝတ်အထည်မျိုးစုံ (၆) ထုပ်ကို ပေးအပ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။