အလုပ်သမား၊ အလုပ်အကိုင်နှင် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်းမှုအခြေအနေသတင်း

၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေများ လှူဒါန်းပွဲကို သြဂုတ်လ (၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အလှူရှင်များကိုယ်စား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၊ ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် စက်ရုံပိုင်ရှင်များမှ လှူဒါန်းသော ငွေကျပ် သိန်း (၈၀) ကို ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ ငွေကျပ် (၃၂၀) သိန်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ မြန်မာကုမ္ပဏီများမှ ငွေကျပ် သိန်း (၁၀၀)၊ Mr. Takashi Isaji, MD, Department of Rehabilitation Medicine, Teikyo, University School of Medicine မှ ငွေကျပ် (၉.၅) သိန်း၊ Yachiyo Engineering Co.Ltd မှ အမေရိကန်ဒေါ်လာ (၅၀၀၀)၊ ဇဗ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ချယ်ရီစျေး ပရဟိတအကျိုးတော်ဆောင်အဖွဲ့မှ ငွေကျပ် (၃.၂၅) သိန်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စပ်လျဉ်းလုပ်ကိုင်လျက်ရှိသော မွေးမြူရေးဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင် (၂၉) ဦးမှ ငွေကျပ် (၅၁.၈) သိန်းနှင့် အမေရိကန်ဒေါ်လာ (၁၀၄၀)၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိုင်ဝမ် (ICDF) အဖွဲ့မှ အမေရိကန်ဒေါ်လာ (၃၀၀၀၀) တို့ကို ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင် တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events