မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၁၉-၈-၂၀၁၅) ရက်နေ့ နေပြည်တော်(ရုံးချုပ်)၊ အလှူခံဌာန၌အလှူငွေစုစုပေါင်းကျပ် (၅၆၄,၅၅,၀၀၀)၊ အမေရိကန် ဒေါ်လာ(၃၁၀၄၀)လှူဒါန်းခြင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ အလှူငွေစာရင်းအမှတ် (1DA-0300086)သို့ အမေရိကန်ဒေါ်လာ(၄၀၈၁၄.၁၃)ကို တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်း အပါအ၀င် စုစုပေါင်း အမေရိကန်ဒေါ်လာ(၇၁၈၅၄.၁၃)ကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်း အတွင်း၀န်တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ဦးစိုးအောင်ကလက်ခံရယူကာကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
(၁၉-၈-၂၀၁၅)ရက်နေ့တွင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ငွေကျပ်(၇၀,၀၀၀)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ငွေကျပ်(၁,၅၀,၀၀၀)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် ငွေကျပ်(၆၀,၂၈,၁၀၀)၊ မွန်ပြည်နယ်ဦးစီးမှူးရုံးတွင်ငွေကျပ် (၁,၅၀,၀၀၀)၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင် ငွေကျပ်(၁၂၅,၃၅,၉၀၀)နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိခဲ့ပါသည်။သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့မှ (၁၉-၈-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ်(၁၆၃၉၈,၄၆,၈၇၂)၊ အမေရိကန်ဒေါ်လာ (၇၀၁၄၅၀.၈)၊ ထိုင်းဘတ်(၁၆၈၀၅၅)၊ မလေးရှားရင်းဂစ်(၂၀၀၀)၊ တရုတ်ယွမ်(၅၀၀၀)ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများ ကို ရေဘေးသင့်ပြည်သူများသို့ထောက်ပံ့လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။