မကွေးမြို့မှ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြေနုကျေးရွာမှ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၁၅၈) စု၊ လူဦးရေ (၅၃၉) ဦးတို့သည် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေဘေးကင်းလွတ်သော မကျည်းပင်ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ (၁၂-၇-၂၀၁၇) ရက်နေ့က ပြောင်းရွှေ့ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးမှ တာဝန်ရှိသူများအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ လူဦးရေ (၅၃၉) ဦးအတွက် ဆန် (၇) ရက်စာ (၁၁၃၁၉၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၁၅၈) စုအတွက် ငါးသေတ္တာဖိုးငွေ (၁၄၂၂၀၀/-) ကျပ် စုစုပေါင်း (၁၂၇၄၁၀၀/-) ကျပ်တို့အား (၁၃-၇-၂၀၁၇) ရက်နေ့တွင် ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events