အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သည် တာ၀န်ရှိသူများလိုက်ပါလျက် ကလေးမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စိစစ်လေ့လာမှုသတင်း

image-5c4b7e1a7ccbfcca0955ffdac86ad934f565deb3bb2339f2ef5fdf14ff0b9dd2-V image-1de3d711ba101e8ac419ccd611e88dffc2dd0c439e839e891dc8369b9988cbbb-V image-a62101920d61bcceec39c13b599eeebd899f2d4f5c53129044d14a4ad4d36021-V image-e88d9d20c8cd2c9926606c901316a5074cb946dfcd83b6c9b6ab50340783940f-V

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သည် တာ၀န်ရှိသူများလိုက်ပါလျှက် သြဂုတ်လ(၁၈)ရက်နေ့တွင် ကလေးမြို့လေဆိပ်မှ တမူးမြို့နယ်၊ ဘုတ်ကန်ကျေးရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်၍ ကျေးရွာအတွင်း ရေကျပြီးနောက်နုန်းများ တင်ကျန်နေမှုနှင့် ရွာပြောင်းရွှေ့မည့်နေရာကို ရှင်းလင်းနေမှုတို့ကို လေ့လာစိစစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တာ၀န်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ ဆက်လက်၍ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်း၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ လှူဒါန်းသော ဘုရားဆင်းတု (၂၈၅)ဆူ၊ ပစ္စည်း(၃၆)မျိုးပါ ပလပ်စတစ်ပုံး (၂၈၅)ပုံး၊ ဒါး(၂၈၅)ခုနှင့် မိုးကာစ(၂၈၅)ခုတို့ကို နိုင်ငံတော်ကိုယ်စား ထောက်ပံ့ပေးပြီး ၀န်ကြီးဌာနအနေဖြင့် ပျက်ဆီးအိမ်ခြေ (၁၈၀)အိမ်အတွက် (၃၆)သိန်း၊ မိုးကာစအလိပ်ကြီး (၅)လိပ် နှင့် အ၀တ်အထည်များအား ရေဘေးသင့်ပြည်သူများထံ ပေးအပ်၍ အားပေးစကား ပြောကြားပါသည်။

နေ့လည်ပိုင်းတွင် ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာသို့ ကွင်းဆင်း၍ သာသနာ့ဗိမာန် ဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်း၌ အိမ်ခြေ (၁၀၀)လုံး အတွက် (၂၀)သိန်း၊ မျက်နှာသုတ်ပုဝါနှင့် ဆပ်ပြာ (၁၀၀)စီတို့ကို ပေးအပ်ပြီး ရေးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပါသည်။ ထို့နောက် ကျီးကုန်းကျေးရွာသို့ ရောက်ရှိ၍ အိမ်ခြေ (၃၆၅)လုံးအတွက် (၇၃)သိန်းနှင့် တီရှပ် (၃၆၅)ထည် တို့ကို ထောက်ပံ့ပေးပါသည်။ ၄င်းနောက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ကလေး)၌ ဖွင့်လှစ်ထားသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ လက်ခံရာဌာနနှင့် ကွပ်ကဲရေးရုံးသို့ သွားရောက်၍ အာဏာပိုင်များနှင့် တွေ့ဆုံပြီး အလှူငွေနှင့် ပစ္စည်းများကို လယ်ဂျာဖြင့် စနစ်တကျ အသွင်း/အထုတ် စားရင်းထားရှိမှုနှင့် ကျေးရွာများသို့ ပြန်လည်ဖြန့်‌​ဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လေလွင့်မှုမဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပါသည်။ ဆက်လက်၍ ကလေး-ဂန့်ဂေါ် ကားလမ်းပေါ်ရှိ ချင်းဆိုင်ကျေးရွာ၌ ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ပေါက်ခုံကျေးရွာ အိမ်ခြေ(၁၃၀)လုံးအတွက် (၁၉.၅)သိန်း၊ ရေလဲဦးကျေးရွာအိမ်ခြေ (၂၀၁)လုံးအတွက် (၃၀.၁၅)သိန်း၊ တီရှပ်များနှင့် ရေသန့်ဗူးတို့ကို ထောက်ပံ့ပေး၍ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံးပြီး အားပေးစကားပြောကြားပါသည်။

သြဂုတ်လ(၁၉)ရက်နေ့တွင် ကလေးမြို့၊ မူလတန်းကြိုကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။

Sign Up

Upcoming Events