ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ကလေးဝမြို့နယ်၊ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇)စု၊ ကျေးရွာပေါင်း (၉) ရွာ တို့မှ အိမ်ခြေ (၅၃) အိမ်ထောင်စု (၆၀)စု၊ လူဦးရေ (၃၃၉) ဦးသည် ရေဘေး လွှတ်နေရာများသို့ရွှေ့ ပြောင်းခဲ့ရသည့်အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၇၁၁၉၀၀/-)နှင့် ကယ် ဆယ်ရေးပစ္စည်း (၅) မျိုး အိမ်ထောင်စု (၆၀)စာ (၁၁-၇-၂၀၁၇)နေ့နံနက်ပိုင်းတွင် ကလေးဝမြို့ နယ် ထွေ/အုပ်ရုံးရှိ တာဝန်ရှိသူများထံလွှဲပြောင်း ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။Source:ကလေးခရိုင်ဦးစီးမှူးရုံး(ကဆရ)