သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းများဖွင့်လှစ်ခြင်း

ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနသည် ၁၉၇၇ ခုနှစ်မှစတင်ကာ ပြည်သူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား သဘာဝဘေးနှင့် ပတ်သက်သော အသိပညာများ တိုးပွား စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မတိုင်မီက သင်တန်းများကို ပုံမှန်ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ၁၉၈၈ခုနှစ် နောက် ပိုင်းတွင် (၁)နှစ်လျှင် သင်တန်း(၃)ကြိမ်မှ (၄)ကြိမ်အထိ ပြည်နယ်/တိုင်းဒေသကြီး များတွင် အလှည့်ကျဖွင့်လှစ်ပေး နိုင်ခဲ့ပါသည်။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ် ခဲ့ပြီးနောက် သင်တန်းများကိုပိုမိုဖွင့်လှစ်ပေးခဲ့ရာ ၂၀ဝ၈ခုနှစ်မှ ၂၀၁၂ခုနှစ်၊ မေလအထိ သင်တန်းပေါင်း (၃၇)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၁၉၇၇ခုနှစ်မှ ၂၀၁၂ခုနှစ်၊ ဇွန်လအထိ သင်တန်းပေါင်း (၁၂၂) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားပေါင်း (၅၅၇၅)ဦးအား ပို့ချနိုင်ခဲ့ပါသည်။ ထို့အပြင် အာဆီယံ ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည့် အပြင် ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေ ရန်နှင့် ဆင့်ပွားသင်တန်းပို့ချနိုင်ရန်ရည်ရွယ်၍ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးနှင့် ကြိုတင် ကာကွယ်ရေး(နည်းပြ)သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ ၂၀ဝ၈ခုနှစ်၊ စက်တင်ဘာလမှ နိုဝင် ဘာလအတွင်း သင်တန်း(၄)ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားပေါင်း(၁၅၀)ဦးကို လေ့ကျင့် သင်တန်းပေးနိုင်ခဲ့ ပါသည်။ ၂၀၁၁ခုနှစ်၊ မတ်လ(၁၄)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ ရန်ကုန်မြို့၊ Park Royal Hotelတွင် ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် အာရှဒေသသဘာဝဘေး လျော့ပါးရေးဌာန(ADRC)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သဘာဝဘေး ဆိုင်ရာနည်းပြသင်တန်းကို သင်တန်းသား(၁၅)ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

 

 

 

 <a href="http://www.freebiebitcoin.com">Earn free bitcoin</a>

Sign Up

Upcoming Events