အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများ အတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၈-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေစုစုပေါင်း ကျပ် (၁၅၆၄၄၅၇၈၇၂/-)၊ အမေရိကန်ဒေါ်လာ (၆၂၉၅၉၆.၆၇)၊ ထိုင်းဘတ် (၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀) နှင့် တရုတ်ယွမ် (၅၀၀၀) လက်ခံရရှိမှုအခြေအနေသတင်း

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ ကို နေပြည်တော်ရှိအမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၁၈-၈-၂၀၁၅) ရက်နေ့ နေပြည်တော်(ရုံးချုပ်)၊ အလှူခံဌာန၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Mongolia Leah Energy Development (Hong Kong) Limited ၏ CEO ဖြစ်သူ MR. SUYALETU မှ တရုတ်ယွမ် (၅၀၀၀) လာရောက်လှူဒါန်းခြင်းနှင့် လားရှိုး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့မှ အလှူ‌ငွေကျပ်(၁၀,၀၀,၀၀၀/-) ကို မြန်မာ့စီးပွားရေး ဘဏ်၊ နေပြည်တော် အလှူငွေ စာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်း အပါအ၀င် မြန်မာအလှူငွေ စုစုပေါင်းကျပ် (၁၀,၀၀,၀၀၀/-)၊ တရုတ်ယွမ် (၅၀၀၀) ကို အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်က လက်ခံရယူကာ ကျေးဇူးတင်စကား များပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါ သည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (၁၈-၈-၂၀၁၅) ရက်နေ့၌ ငွေကျပ် (၆၁၄၄၅၀/-) ရရှိပါ သည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၈-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာကျပ် (၁၅၆၄၄,၅၇,၈၇၂/-)၊ အမေရိကန်ဒေါ်လာ (၆၂၉၅၉၆.၆၇)၊ ထိုင်းဘတ်(၁၆၈၀၅၅)၊ မလေးရှားရင်းဂစ် (၂၀၀၀)၊တရုတ်ယွမ် (၅၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသောအလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ ထောက်ပံ့လျှက်ရှိပါကြောင်း သတင်း ရရှိပါသည်။

အလှူလက်ခံရရှိမှုစာရင်း

 

 

Sign Up

Upcoming Events