အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် သြဂုတ်လ(၁၇)ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစိစစ်လေ့လာမှု၊ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော စေတနာ့၀န်ထမ်း အဖွဲ့အစည်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

image-8e9d05190da0294b9f92ad27de4d52cfc5c4ffa8dcabd32196ef18de42bc63a5-V image-145e7d4921a4c6cabd5baa0a1f242acbcc10077afc53e74a6a355e72ca95f9ae-Vအမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာ၀န်ရှိသူများလိုက်ပါလျှက် သြဂုတ်လ(၁၇)ရက်နေ့တွင် ကလေးမြို့လေဆိပ်မှ ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာပြီး မြေပြိုမှု အခြေအနေကို ရဟတ်ယာဉ်ပေါ်မှ စိစစ်လေ့လာပါသည်။ ဆက်လက်၍ အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်း၌ တိုင်းရင်းသူအမျိုးသမီးများကို စက်ချုပ်သင်တန်းပို့ချနေမှုကို ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး မူကြိုကျောင်းအား ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် မြို့ဟောင်းရပ်ကွက်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးသင်တန်းကျောင်း၊ ပြည်တော်သာ ရပ်ကွက်များသို့ သွားရောက်ပြီး လမ်းများအက်ကွဲ၍ နေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်ဆီးနေမှု၊ ရုန်းတောင် မြေပြိုမှုအခြေအနေနှင့် တော်လှန်ရေးရေကန်ပျက်ဆီးမှု အခြေအနေများကို လေ့လာစိစစ်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တာ၀န်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပါသည်။
နေ့လည်ပိုင်းတွင် အ.ထ.က(၂) ကယ်ဆယ်ရေးစခန်း၌ ကျင်းပသော ချင်းပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော စေတနာ့၀န်ထမ်း အဖွဲ့အစည်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက အမှာစကားဆက်လက်ပြောကြားပါသည်။အစီအစဉ်အရ မင်းတပ်မြို့နယ်၊ ထင်းချောင်းကျေးရွာနေ အသက်(၁၀၄)နှစ်ရှိ အဘွားဒေါ်လိန်းအွဲအတွက် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေ(၂)သိန်း၊ ချင်းပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများ၏ အိမ်ခြေ(၂၆၁၇)အိမ်အတွက် (၅၂၃.၄)သိန်း၊ သေဆုံးခဲ့သူ(၅)ဦးအတွက် (၅)သိန်း၊ အ.ထ.က(၂)ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု(၈၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးစီ၊ ဟားခါးမြို့နယ်အတွင်းရှိ ကျန်ရှိ အိမ်ထောင်စု(၇၇၂)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးစီ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးသင် တန်းကျောင်းမှ တိုင်းရင်းသားလူငယ်(၁၂၄)ဦးအတွက် ကျားလုံချည်နှင့် တီရှပ်(၁၂၄)ထည်စီ၊ ဟားခါးခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာ (၁)ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၄)ခုနှင့် ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၂)ကျောင်းတို့အတွက် (၁၄၅.၁၄)သိန်း၊ ဖလမ်းခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၅)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၈)ကျောင်းတို့အတွက် (၂၀၂.၃၅)သိန်း၊ မင်းတပ်ခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာ(၁)ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁၀)ခု၊ နှင့် ကို့အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၄)ကျောင်း တို့အတွက် (၂၅၀.၈၅)သိန်း၊ ရေးဘေးသင့်ပြည်သူများအတွက် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၅၈)မှ (၅)သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၁၃၃.၇၄)သိန်းနှင့် (၈၃)သိန်းခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို ပြည်ထောင်စု၀န်ကြီး၊ ၀န်ကြီးချုပ်နှင့် လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ပါသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြားကာ ဟားခါး-ဂန့်ဂေါ်လမ်း ၂မိုင် ၂ဖာလုံ၌ တောင်ပြိုမှုကြောင့် ကြားလမ်းပိတ်ဆို့နေမှု အခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events