ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ (၂၈-၆-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ် ရပ်ကွက် (၉) အောင်မင်္ဂလာ နမ့်ဆန်ကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူမိသားစု (၂၆) စု ကျား (၃၇) ဦး မ (၄၆) ဦး စုစုပေါင်း (၈၃) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ (၁၇၄,၃၀၀) ကျပ်၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀) သား (၅၂,၀၀၀)၊ ငါးသေတ္တာ (၃) ဘူး (၂၇,၃၀၀) နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၈-၆-၂၀၁၇) ရက်နေ့ (၁၃:ဝ၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)