ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ (၂၈-၆-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ် သာသနာ (၂၅၀၀) ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူမိသားစု (၁၅) စု ကျား (၂၆) ဦး မ (၃၃) ဦး စုစုပေါင်း (၅၉) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ (၁၂၃,၉၀၀) ကျပ်၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀) သား (၃၀,၀၀၀)၊ ငါးသေတ္တာ (၃) ဘူး (၁၅,၇၅၀) နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၈-၆-၂၀၁၇) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events