ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ့်လင်းခမ်းအုပ်စု၊ မန်လန်းရွာမှ (၂၈-၆-၂၀၁၇) ရက်နေ့တွင် လားရှိုးမြို့နယ် ခေးနင်းကျေးရွာသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူမိသားစု (၂၈) စု ကျား (၄၁) ဦး မ (၇၃) ဦး စုစုပေါင်း (၁၁၄) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ (၂၃,၉၄၀) ကျပ်၊ တစ်အိမ်ထောင်လျှင် ဆီ (၅၀) သား (၅၆,၀၀၀)၊ ငါးသေတ္တာ (၃) ဘူး (၂၉,၄၀၀) နှင့် ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၈-၆-၂၀၁၇) ရက်နေ့ (၁၅:ဝ၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)