ကမ်းပြိုဘေးအတွက်ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်း ကျေးရွာ၌ (၂၅-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သော အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၄) ဦးနှင့် မာန်မြေမြောက်စုကျေးရွာနှင့် ရွာသာကုန်းကျေးရွာတို့ ၌ (၂၂-၆-၂၀၁၇)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့သော အိမ်ခြေ(၂၃)လုံး အိမ်ထောင်စု(၂၃)စုမှ လူဦးရေ (၉၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၅၄,၁၀၀)ကျပ် စုစုပေါင်း (၃,၀၅၄,၁၀၀) ကျပ်တို့အား ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ (၂၆-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရ ရှိပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events