ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၄-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေစုစုပေါင်း ကျပ် (၁၂၉၂၆,၂၁,၂၅၂/-)၊ အမေရိကန်ဒေါ်လာ (၅၀၆၆၉၆.၆၇)၊ ထိုင်းဘတ် (၈၉၁၀၀)နှင့် မလေးရှားရင်းဂစ် (၂၀၀၀) လက်ခံရရှိမှုအခြေအနေသတင်း

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျက်ရှိရာ (၁၄-၈-၂၀၁၅) နေ့တွင် နေပြည်တော်အလှူခံဌာန၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် သဘာ၀ဘေးသင့်ဒေသများအား ကူညီထောက်ပံ့ရေးကော်မတီမှ အလှူ‌ငွေကျပ် (၅၀,၀၀,၀၀၀/-) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်အလှူငွေစာရင်းအမှတ် (CF-002301) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခြင်းအပါအ၀င် မြန်မာအလှူငွေ စုစုပေါင်းကျပ် (၁၁၁၃,၈၁,၃၀၀/-)၊ အမေရိကန်ဒေါ်လာ (၄၀၀) ကို အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဒေါက်တာကိုကိုနိုင်တို့က လက်ခံရယူကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။

(၁၄-၈-၂၀၁၅) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အလှူငွေကျပ် (၆၆,၉၅,၀၀၀/-)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၁၅၄,၄၀,၀၀၀/-)၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင် အလှူငွေကျပ် (၂၀,၀၀,၀၀၀/-) နှင့် အလှူပစ္စည်းမျိုးစုံတို့ကို စေတနာရှင်ပြည်သူများမှ လာရောက်လှူဒါန်းခဲ့ရာ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၄-၈-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာကျပ် (၁၂၉၂၆,၂၁,၂၅၂/-)၊ အမေရိကန်ဒေါ်လာ (၅၀၆၆၉၆.၆၇)၊ ထိုင်းဘတ် (၈၉၁၀၀)၊ မလေးရှားရင်းဂစ် (၂၀၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေနှင့်ပစ္စည်းများကို ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်းအား အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events