(၁၄-၈-၂၀၁၅) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် စွမ်းအင်ဝန်ကြီးဌာနမှ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းမှုသတင်း

ဇွန်၊ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေများ လှူဒါန်းပွဲကို သြဂုတ်လ (၁၄) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာ မိသားစုများမှ ငွေကျပ် (၂၅၇.၇၁) သိန်းနှင့် ငွေကျပ် (၄) သိန်းခန့် တန်ဖိုးရှိသော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ စွမ်းအင်ဝန်ကြီးဌာနနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီအဖွဲ့အစည်းများမှ ငွေကျပ် (၇၅၀.၁) သိန်း၊ အမေရိကန်ဒေါ်လာ (၄၀၀) နှင့် (၇.၃) သိန်းခန့် တန်ဖိုးရှိသော ပစ္စည်းများ၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ ငွေကျပ် (၂.၅) သိန်းခန့် တန်ဖိုးရှိသော အဝတ်အထည်များနှင့် အအေးမျိုးစုံတို့ကို ပေးအပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့အပြင် ဦးထွန်းတင်+ ဒေါ်သန်းတင် တို့အားရည်စူး၍ သုဝဏ္ဏမြို့၊ ဒေါ်သီသီတင်နှင့် မောင်နှမများမှ ငွေကျပ် (၅) သိန်း၊ ဦးဝင်းထိန်ကျော် (ညွှန်ကြားရေးမှူး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) + ဒေါ်ခင်မာညို မိသားစုမှ ငွေကျပ် (၁) သိန်း၊ စစ်တက္ကသိုလ် အပါတ်စဉ် (၂၀) ကျောင်းဆင်းအရာရှိ မိသားစုများမှ ဒုတိယအကြိမ် လှူဒါန်းငွေကျပ် သိန်း (၅၀) တို့ကို လက်ခံရရှိကြောင်း သိရှိရပါသည်။

 

 

 

 

Sign Up

Upcoming Events