ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

24_Pic_03 24_Pic_04

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ နတ်စင်ကျေးရွာ၊ ရေလဲကြီးကျေးရွာ၊ တလုပ်လပ်အနောက် ကျေးရွာ၊ ညောင်ပင်ဂရက်ကျေးရွာ၊ စစ်ချောင်းကျေးရွာ၊ ကွန်စုကျေးရွာ၊ ဘီးလင်းကျေးရွာ၊ ကံကုန်းကျေးရွာ၊ အလန်းကျေးရွာ၊ ငါးကျီးဂရက် ကျေးရွာ၊ စွန်သိုက်ကျေးရွာနှင့် အမှတ် (၈) ရပ်ကွက်တို့တွင် လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၉၀၀၀၀၀/-)၊ အမိုးလန် နေအိမ် (၅၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၁၉၀၀၀၀/-)၊ လူဦးရေ (၃၇၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၇၈၇၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၈၈၇၇၅၀၀/-) အား (၂၃-၅-၂၀၁၇) ရက်နေ့တွင်  မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်း အဝေးခန်းမတွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:     ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events