ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စု၊ ကျီးပင်ကျေးရွာ၊ ကြွက်ကျွန်းကျေးရွာ၊ အနောက်စုကျေးရွာနှင့် ဒရယ်ကူးကျေးရွာတို့တွင်(၁၈-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)၊ အမိုးလန်နေအိမ် (၁၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀,၀၀၀)၊ လူဦးရေ (၈၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၆၈,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၁,၃၆၈,၀၀၀) အား (၂၃-၅-၂၀၁၇) ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)