လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျုံတနီးကျေးရွာအုပ်စု၊ ဖုန်းဆိုး တောင်ကျေးရွာအုပ်စုနှင့် ဆင်လမ်းကြီးကျေးရွာအုပ်စုကျေးရွာတို့တွင် (၁၉-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ အမိုးလန် နေအိမ် (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၈၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈၉,၀၀၀) ကျပ်၊ စုစုပေါင်း (၇၆၉,၀၀၀) ကျပ်တို့အား (၂၃-၅-၂၀၁၇) ရက်နေ့တွင် လေဘေးသင်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

 

 

Sign Up

Upcoming Events