မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

24_Pic_01 24_Pic_03
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) နေ့၌ဖြစ်ပွားခဲ့သော သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ထူးပေါက်ကျေးရွာနှင့် လက်ပံငူကျေးရွာတို့တွင် လေဘေးသင့်အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၀၀၀၀/-) ကျပ်၊ ဆန်ဖိုးငွေ (၂၅၂၀၀/-) ကျပ်နှင့် ဘာသာရေးအဆောက်အဦ (၂) လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၆၀၀၀၀/-) စုစုပေါင်း (၄၆၅၂၀၀/-) ကျပ်တို့အား (၂၃-၅-၂၀၁၇) နေ့ရက်တွင် အဆိုပါကျေးရွာ သို့သွားရောက်၍ ဘေး သင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events