လေပြင်းဘေးထောက်ပံ့မှုသတင်း

24_Pic_02 24_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ မကွေးတိုင်းဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့၌ မကွေးမြို့နယ်၊ ရပ်ကွက် (၅) ကျေးရွာအုပ်စု (၁) စု၌ လေပြင်းတိုက်ခတ်မှုအတွက် အမိုး လန် လူနေအိမ် (၂၇၉) လုံးအတွက် တစ်အိမ်လျှင် (၂၀၀၀၀/-) နှုန်းဖြင့် (၅၅၈၀၀၀၀/-) ကျပ်၊ လုံးဝပြိုကျပျက်စီးလူနေအိမ် (၂၇) လုံးအတွက် တစ်အိမ်လျှင် (၁၀၀၀၀၀/-) ကျပ်နှုန်းဖြင့် (၂၇၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၂၂၄) ဦးအတွက် ဆန်ဖိုး (၇) ရက်စာ (၂၅၇၀၄၀၀/-) ကျပ် လုံးဝ ပျက်စီးဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် (၄၀၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် (၂၀၀၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၂၇) အိမ်ထောင်စုစာတို့ကို တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၂-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events