လေဘေးထောက်ပံ့မှုသတင်း

24 Pic 01 24 Pic 03

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ တောင်ဘက်ကျေးရွာအုပ်စု၊ ကျေးရွာ (၂) ရွာ၌ (၁၆-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုလဲအိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အမိုးလန်အိမ်ထောင်စု (၁၃) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဘေးသင့်လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၂၆,၀၀၀) တို့အားလည်းကောင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရှားပင်ကိုင်းကျေးရွာအုပ်စု၊ လှည်းချောင်းပေါက်ကြီးကျေးရွာနေသူသည် (၇-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဦးခေါင်းဒဏ်ရာရရှိ၍ သေဆုံးမှုကြောင့် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အားလည်းကောင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၅) ရွာတို့တွင် (၁၆-၅-၂၀၁၇) ရက်နေ့နှင့် (၂၁-၅-၂၀၁၇) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ထောင်စု (၁၀) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀)ကျပ်၊ လူဦးရေ (၃၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၉,၃၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးတို့အားလည်းကောင်း   ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

 

Sign Up

Upcoming Events