ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Solidarites International, Myanmar တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဦးစီးဌာန နှင့် Solidarites International, Myanmar တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် နေပြည်တော်ရှိ၊ ဇမ္ဗူသီရိဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် Solidarites International, Myanmar မှ Country Director တို့နားလည်မှုစာချွန်လွှာကို နှစ်ဘက်လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ခဲ့ ကြပါသည်။